"Sony Xperia ZL စမတ်ဖုန်း လည်း S4 နဲ့  HTC one ကို ပြိုင်မယ်"




"Sony Xperia ZL စမတ်ဖုန်း လည်း S4 နဲ့  HTC one ကို ပြိုင်မယ်"

ဈေးကွက်မှာ ဖန်ရှင် စုံစုံလင်လင် ၊ကင်မရာ အရည်အသွေး ကောင်းကောင်း၊ လုပ်ဆောင်ချက် သာလွန်မှုတွေနဲ့  Screen ကြီင်္းမားတဲ့ ဖုန်းများဟာ အပြိုင်အဆိုင် ပေါ်ထွက် လာကြပါတယ်။

ဂိမ်းဆော့ရတာ ၊ ရုပ်သံကြည့်ရတာ ၊ အင်တာနက် Wi-Fi အသုံးပြုရတာ စသဖြင့် အသုံးပြုသူများကလည်း ထို အရည်အသွေးများ ကို လေ့လာနှိုင်းယှဉ်ပြီး ရွေးချယ် ၀ယ်ယူနေကြပါပြီ ။ ဈေးနှုန်းကလည်း အပြိုင်အဆိုင် နဲ့  စမတ်ဖုန်း အသုံးပြုသူများ ကို ဆွဲဆောင်လျက်ရှိပါတယ်။

အခုလည်း Sony က နောက်ထပ် ထွက်ရှိလာတဲ့ Screen ကြီးကြီး စမတ်ဖုန်း တစ်လုံးဟာ လည်း ဈေးကွက်ကို မကြာခင် ထိုးဖောက်ဖို့  စတင်နေပါပြီ ။

Sony Xperia ZL လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းဟာ ငါးလက်မ ရှိပြီး ယခင် Sony ရဲ့ စမတ်ဖုန်းများ ထက် အလှဆုံး ဒီိဇိုင်းတစ်ခု လို့  အမွှန်းတင်ထားပါတယ်။

ပုံစံကတော့ ရှင်းလင်းပြီး စမတ်ကျတဲ့ ဖုန်းတစ်လုံး ဆိုတာ မြင်ရုံနဲ့ သိသာပါတယ်။ HDR video camera ဖြစ်တဲ့ အတွက် ကြည်လင်တဲ့ ရုပ်သံမှတ်တမ်းကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံ အတွက် ကင်မရာကတော့ 13-megapixel ရှိပါတယ်။

အကောင်းဆုံး လှုပ်ရှားမှု လို့ ညွန်းထားတဲ့ The Snapdragon™ S4 Pro quad-core processor ကို အသုံးပြုထားပါတယ်။ Stamina Mode ပါတဲ့ အတွက် ဖုန်းထဲမှာ Auto Run နေတဲ့ Application များကို ဘထ္ထရီ အား အပိုကုန်ခြင်း မှ လျော့ကျအောင် ကောင်းကောင်း Manage ပေးနိုင်တယ်လို့ သိရပါတယ်။

OS ကတော့ Android 4.1.2 ဖြစ်ပြီး မူလ Memory 16 GB နဲ့ 2 GB RAM အသုံးပြုနိုင်ပါတယ်။ microSD အသုံးပြုနိုင်တဲ့ အတွက် 64 GB အထိ Memory တိုးနိုင်မှာ ဖြစ်ပါတယ်။

သာမန် စမတ်ဖုန်း တစ်လုံးမဟုတ်ပါဘူး .. Samsung and HTC ကိုလည်း ယှဉ်ပြိုင်နိုင်ဖွယ် ရှိပါတယ်လို့  သုံးသပ်ထားပါတယ်။ အနက် ၊ အဖြူ နဲ့ အနီဆိုပြီး အရောင် သုံးရောင် နဲ့ ထုတ်လုပ်သွားမှာပါ ..။

ဈေးကွက်မှာတော့ မေလဆန်းပိုင်းလောက် ဖြန့် ချီသွားမယ်လို့  သတင်းထွက်ထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ $575.99 ခန့် ရှိမယ် လို့ သိရပါတယ်။ ဒီတော့ ဘယ်တစ်ခုက စမတ်ဖုန်း ချစ်သူများကို ပိုမို ဆွဲဆောင်မှု ရှိမယ်ဆိုတာ .. ဈေးကွက်ပေါ် ဖြန့် ချီတဲ့ အခါ တွေ့ ကြရအုံးမှာ ဖြစ်ပါတယ်။


----
Ref ; calgaryherald / gsmarena

1 Comments

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"