facebook မှာ Status နဲ့ Photo တွေကို အလွယ်တကူ လှမ်းတင်ပေးမဲ့ Nudibebe facebook uploader(b) widget တစ်ခုအနေနဲ့ home screen ပေါ်မှာ

Nudibebe facebook uploader(b)

ဒီ app လေးကတော့ facebook မှာ Status နဲ့ Photo တွေကို
အလွယ်တကူ လှမ်းတင်ပေးပါမယ်။ facebook ကိုဖွင့်ပြီး ..
တကူးတက တင်စရာမလိုတော့ပါဘူး။ widget တစ်ခုအနေနဲ့
home screen ပေါ်မှာ တင်ထားပြီး အသုံးပြုနိုင်ပါတယ်။
widget တင်နည်းကတော့ home screenမှ နေရာလွတ်တစ်ခုကို
ကြာကြာဖိပါ။ ပေါ်လာတဲ့အထဲက widget ကိုရွေးပေးပါ။ ထို့နောက်
ကိုရီးယားစာတွေနဲ့ ကလေးပုံလေးကို ရွေးလိုက်တာနဲ့
home screen ပေါ်မှာ ကလေးပုံလေး ရောက်သွားပါလိမ့်မယ်။
အသုံးပြုပုံကတော့ ရှင်းရှင်းလေးပါ။
ကလေးပုံကို နှိပ်လိုက်တာနဲ့ facebook မှာ ကိုယ့် account ကို
sign in လုပ်ခိုင်းပါမယ်။ လုပ်တဲ့နေရာမှာ တစ်ခု သတိထားဖို့က
( NudiBeBe One-touch would like to post to your
friends on your behalf ) လို့စာပေါ်လာတဲ့နေရာမှာ ဘယ်ဘက် ဘေးမှာ
Public , Friends , Only Me ဆိုပြီး သုံးခု ရွေးလို့ရပါတယ်။
Public ကိုရွေးမယ်ဆိုရင်တော့ တင်သမျှ စာတွေ ပုံတွေကို ..
လူတိုင်းမြင်ရမှာပါ။ Frineds ကတော့ သူငယ်ချင်းတွေပဲ မြင်ရမယ်။
Only Me ကတော့ ကိုယ်တစ်ယောက်တည်းပဲ မြင်ရမှာပါ။
သင့်စိတ်ကြိုက်ရွေးပေးပါ။ Only Me ဆိုရင်တော့ ကိုယ်တင်တာကို ..
သူများတွေ မမြင်ရတော့ပါဘူး။ အဲ့ဒါလေးကို သတိပြုမိစေချင်ပါတယ်။
ဒီလောက်ပါပဲ။ နောက်ဆို facebook မှာ status တင်ချင်ရင်
ကလေးပုံကို တစ်ချက်နှိပ်ကာ တင်နိုင်သွားပါပြီ။
အချိန်ကုန်သက်သာပြီး အသုံးဝင် widget လေးမို့ တင်လိုက်ပါတယ်။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

box - https://www.box.com/s/wsac2ceycc0tcxqrng37

Zippshare - http://www70.zippyshare.com/v/79731938/file.html

Playstore တွင်လဲ ရှာဖွေကာ download ဆွဲနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Credit Toသန်းတိုးအောင် နည်းပညာမှတ်စု

Mr.AD

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"