ခွဲတမ်းနဲ့ မဲနှိုက်ရောင်းချမယ့် ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်
( ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
လူအများ မျှော်လင့်နေကြတဲ့ တန်ဘိုးနည်း (ကျပ် ၁၅၀၀ တန်) တယ်လီဖုန်း ဆင်းမ်ကတ်တွေကို လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် လျှောက်ထား ၀ယ်ယူလို့ ရပါတော့မယ်။
ကျပ် ၁၅၀၀ တန် CDMA 800 MHz ဆင်းမ်ကတ်တွေကို အစိုးရ၀န်ထမ်းတွေ မဟုတ်တဲ့ အရပ်သားတွေ ကို ရောင်းချ ပေးမှာဖြစ်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ သန်းခေါင်စာရင်းမိတ္တူ သို့မဟုတ် ယာယီ အိမ်ထောင်စု စာရင်း၊ မှတ်ပုံတင် မိတ္တူတွေနဲ့ လျှောက်ထားကြရမှာပါ။
လျှောက်ထားတဲ့အခါ မြို့နယ် ရပ်ကွက်တွေအပေါ် မူတည်ပြီး နောက်ဆုံး လျှောက်ထားရမယ့် နေ့စွဲတွေ ကွဲလွဲပါတယ်။
တချို့ရပ်ကွက်တွေမှာ မနက်ဖြန် ဧပြီလ ၁၉ ရက်နေ့ နောက်ဆုံးထားလျှောက်ထားပြီး တချို့ရပ်ကွက်တွေ မှာ ဧပြီလ ၂၀၊ ၂၁၊ ၂၂၊ ၂၃ ရက်တွေ နောက်ဆုံးထား လျှောက်ထားရမှာလို့ သိရပါတယ်။ ငွေကြေး တစုံတရာ လုံးဝ ပေးစရာ မလိုပါဘူးလို့ အသိပေးထားပါတယ်။
တယ်လီဖုန်း ဆင်းမ်ကတ်လျှောက်ထားသူတွေကို မဲဖောက်တဲ့စနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပြီး ပထမ ဆုံး ရောင်းချပေးမယ့် ဆင်းမ်ကတ် ၃ သိန်းခွဲကို ပြည်နယ်နဲ့ တိုင်းဒေသတွေမှာ ခွဲတမ်း နဲ့ ဝေငှထားတာဖြစ်လို့ အခုလို မဲဖောက်တဲ့ စနစ်ကို သုံးတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါကြောင့် မြို့နယ် တခုနဲ့ တခု ရောင်းချပေးမယ့် ဆင်းမ်ကတ်အရေအတွက်ဟာ မတူညီပါဘူး။ တချို့ မြို့နယ်တွေ ၄ ထောင်ကျော်လောက် ရပေမယ့် တချို့မြို့နယ်တွေမှာ ၂ ထောင်ကျော်လောက်ပဲ ရကြ တယ်လို့သိရပါတယ်။
လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေ
အခု ရောင်းချမယ့် တန်ဘိုးနည်း ကျပ် ၁၅၀၀ တန်း CDMA 800 MHz ဆင်းကတ်နဲ့ ဖုန်းလိုင်းတွေ ကို မြန်မာစစ်တပ်ပိုင် ဦးပိုင် လီမိတက်က တာဝန်ယူတာဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အမည် ခံ ရောင်းချပေးတာပဲဖြစ်တယ်လို့ ဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဧရာဝတီကို ပြောထား ပါတယ်။
ဒါပေမယ့် ဦးပိုင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ဒီကိစ္စကို မှားယွင်းကြောင်း ပြော ဆိုပြီး ငြင်းဆိုပါတယ်။
ထူးခြားတာကတော့ CDMA 800 MHz လိုင်းမရှိတဲ့ ချင်းပြည်နယ်မှာ WCDMA 3G လိုင်း ချထားပေး မယ်လို့ သူက ဆို ပါတယ်။
သေချာတာကတော့ တန်ဘိုးနည်း ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်း ဆင်းမ်ကတ် ၁ ခုရရေး မြန်မာနိုင်ငံ မှာတော့ အခုထိ လျှောက်ထားတာတွေ၊ မဲနှိုက်တာတွေ လုပ်ရမှာပါဘဲ။
ဒါဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့တောင်
မြန်မာနိုင်ငံက လူတွေကတော့ တချိန်က ကျပ် သိန်း ၃၀၊ ၂၅၊ ၂၀၊ ၁၅ စသဖြင့် တန်းဘိုးကြီးလွန်းတဲ့ မိုဘိုင်း ဆင်းမ်ကတ်တွေကို အခုလို ကျပ် ၁၅၀၀ နဲ့ ရမယ်ဆိုတာကိုပဲ ကျေးဇူးစကားတွေဆိုပြီး မျှော်လင့် ရင်ခုန်နေရတာပါ။
http://blog.irrawaddy.org/